၁၂၆။ ရန်ကုန်သို့ဆင်းရြခင်း
ရန်ကုန်သို့ဆင်း ရြပန်ြခင်း
၁၉၂၉ခုနှစ်တွင် ကျွန်ုပ်တို့လင်မယားသည် မကျည်းတံုသို့ြပန်လာ၍ မိဘများနှင့်အတူ ေနထိုင်ြကြပန်၏။ ထိုအေတာအတွင်း၌ ရန်ကုန်ြမို့တွင် ဂျာနယ်နှင့် မဂ္ဂဇင်းများသည် တြဖုတ်ြဖုတ် ြပုတ်ြက၍
အသစ်များလည်း တဖွားဖွား ေပါ်ထွက်လျက်ရှိ၏။ အေဟာင်းတခု ြပုတ်သွားသည်ဆိုလျှင် ကျွန်ုပ်အဖို့
ဝင်ေငွ ၃ဝိ၊ ၅ဝိခန့် ယုတ်ေလျာ့သွားေလရာ အသစ်ေပါ်ထွက်လာေသာ ဂျာနယ်၊ မဂ္ဂဇင်းများကမူ
ကျွန်ုပ် ဘယ်ဆီေရာက်ေနသည် မသိြကေသာေြကာင့် ဆက်သွယ်ရန်မြဖစ်နိုင်ပဲ ရှိြကသည်တွင်
ကျွန်ုပ်၏ဝင်ေငွမှာ တလက်ထတလ ကျဆင်းလျက်ရှိ၏။ စာေရးဆရာအလုပ်တွင် ကျွန်ုပ်ကဲ့သို့ေသာ
အဆင့်အတန်းသို့ ေရာက်ေနသူတေယာက်ကလည်း ဂျာနယ်သစ်မဂ္ဂဇင်းသစ်များတွင် ကျွန်ုပ် ေရးပါရ
ေစဆိုကာ စာတိုစာရှည် ကမ်းလှမ်းေမးြမန်းရန် မြဖစ်နိုင်ေချ။ ထိုနှစ်တွင် သူြကီးေဂဇက် ဦးခင်ေမာင်
၏ မှာထားြခင်းေြကာင့် ဝတ္ထုရှည်တပုဒ်၊ (အမည်ကိုေတာ့ မမှတ်မိေတာ့ပါ။) သူရိယတိုက်အတွက်
ဝတ္ထုရှည်တပုဒ် ေရးသားရပါေသး၏။ သို့ရာတွင် ကျွန်ုပ်၏ဝင်ေငွမှာ ၁ဝဝိ၊ ၁၅ဝိ မှ ၅ဝိ မျှသို့
ေလျာ့ဆင်းလာခဲ့ေလြပီ။ ေရှ့ေလျှာက်၍လည်း ထိုထက်ေလျာ့ဆင်းဖို့ အလားအလာရှိေသး၏။
အဘယ့်ေြကာင့်ဆိုေသာ် ဂျာနယ်နှင့် မဂ္ဂဇင်းများသည် လတိုင်းြပုတ်လျက်ပင် ရှိေသးေသာေြကာင့်
တည်း။ သို့ြဖစ်ရကား ၁၉၃ဝြပည့် နှစ်ဦးေလာက်တွင် ကျွန်ုပ်တို့သည် ရန်ကုန်သို့ ဆင်းလာြကရ
ြပန်ပါေတာ့သည်။
0
responses to “
၁၂၆။ ရန်ကုန်သို့ဆင်းရြခင်း
”