၀၆၃။ သူ မတူေသာ မိခင်
သူမတူေသာ မိခင်
ေဖာ်ြပရန်တချက် ကျန်ရစ်သည်မှာ ကျွန်ုပ်၏မိခင်သည် ကမ်းနီရွာသို့ အလည်လာခိုက်ြဖစ်၍
ကျွန်ုပ်နှင့်ကိုသိန်းေဖတို့ ခင်မင်ြကပံုကို ေတွ့ရြခင်းေြကာင့် ဝမ်းသာလျက်ရှိသည်။ မိခင်၏ ထူးြခား
ချက်တခုမှာ သားနှင့်ခင်မင်သည်ဆိုလျှင် မည်သူမည်ဝါမေရွး ခင်မင်တတ်ရှာသည်။ ဖခင်ကဲ့သို့
ဤလူနှင့်ေပါင်းသင့်သည်၊ ထိုလူနှင့်မေပါင်းသင့် စသည်ြဖင့် သွန်သင်ညွှန်ြကားရန် ဝါသနာမရှိ၊
ကျွန်ုပ်ယူခဲ့ေသာ မယားများအား ခင်မင်သကဲ့သို့ ကျွန်ုပ်၏ မိတ်ေဆွသူငယ်ချင်းများအားလည်း
ခင်မင်သည်ချည်း ြဖစ်၏။ မိခင်၏အြပုအမူသည် မှန်သည်ြဖစ်ေစ၊ မှားသည်ြဖစ်ေစ ကျွန်ုပ်ကမူကား
ကျွန်ုပ်၏မိခင်အား (သူမတူေသာမိခင်) ဟူ၍ ဤအတွက်ေြကာင့်ပင် ပို၍ချစ်ခင်ပါသည်။ ကျွန်ုပ်နှင့်
အထူးခင်မင်ေသာ မိတ်ေဆွများမှာလည်း သူ့ေနရာနှင့်သူ ေတာ်ြကသည်ြဖစ်၍ မိခင်၏အြပုအမူသည်
အလံုးစံု ြခံု၍ြကည့်လိုက်ေသာအခါ မှားသည်ဟုမထင်ပါ။ ကျွန်ုပ်၏မယားများနှင့် ပတ်သက်၍ြဖစ်ေစ၊ နှီးရင်းေသာမိတ်ေဆွများနှင့် ပတ်သက်၍ြဖစ်ေစ ကဲ့ရဲ့ရှုတ်ချေသာ စကားမျိုးေြပာြခင်းကို ကျွန်ုပ်မမှတ်မိပါ။ ခုတင်ကိုေရာင်းစားေသာ ဒုတိယအိမ်ေထာင်အေြကာင်းကိုပင် ကျွန်ုပ်ေရှ့၌ ဘာမျှမေြပာ၊ေရငံုေနခဲ့ပါသည်။
၎င်းေန့ညေန ၅နာရီအချိန်တွင် ကိုသိန်းေဖနှင့် သူြကီးတို့သည် လင့်ေစာင့်ရန်
ြပင်ဆင်ြကေလရာ ကျွန်ုပ်လည်း လင့်ေစာင့်ြခင်းကို မြမင်ဘူးသည်နှင့် အတူလိုက်သွားမည်ဟု မိခင်
အား ခွင့်ေတာင်း၏။ မိခင်က ကျွန်ုပ်ထင်သည့်အတိုင်း ခွင့်ြပုရံုသာမက စိုးရိမ်မကင်းရှိပံုရေသာ
ကျွန်ုပ်၏ဇနီးအားလည်း ''ကိစ္စမရှိပါဘူး သမီးရယ်၊ ေယာက်ျားဆိုတာ စံုမှေပါ့ကွယ့်'' ဟု အဘိုး၏
စကားအတိုင်း ေြပာြပေဖာ်ရပါေပသည်။
0
responses to “
၀၆၃။ သူ မတူေသာ မိခင်
”